Shopping cart

Your shopping cart is empty.

လွယ်ကူလေ့လာရန် HRM

Mon, 07/30/2012 - 15:13 -- admin

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက HR အလုပ်ကို လုပ်ရတော့မယ်ဆိုတော့ HR အကြောင်းကို သိချင်လို့ စာအုပ်တွေ လိုက်ရှာကြည့်ခဲ့မိတယ်။ စာအုပ်တွေက အကုန်လုံး English လိုရေးထားပြီး အခြေခံပညာ နည်းတဲ့ ကျွန်တော့် အတွက် အတော်လေး အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အခုအချိန်မှာ ကိုယ့်လိုပဲ HR အကြောင်းကိုတစေ့တစောင်း သိချင်သူ လူငယ်များအတွက် ရည်ရွယ်ပြီး Human Resources Management နဲ့ပတ်သက်ပြီး ရေးချင်စိတ် ပေါက်လာတာကနေ အခုလို စရေးဖြစ်ခဲ့ ပါတယ်။ ဒီအကြောင်းအရာ တွေဟာ တတ်ကျွမ်းပြီးသားနဲ့ အတွေ့အကြုံရှိသူများအတွက် မရည်ရွယ်ထားပဲ Entry Level များအတွက် လွယ်ကူစွာ လေ့လာ နိုင်စေဖို့ လွယ်ကူလေ့လာရန်HRM ဆိုတဲ့ ခေါင်းစဉ်ကို ပေးခဲ့တာဖြစ်ပါတယ်။ London ရှိ ATG Educational ၏ သင်ရိုးညနွှ်းတမ်းကို အခြေခံပြီး မှီးငြမ်း ထားပါတယ်။ ဒါပေမယ့် လူတိုင်း လွယ်ကူစွာ အသုံးချနိုင်မယ့် အရာတွေကိုပဲ ကြိုးစားဝေငှသွား ပါ့မယ်။

Human Resources Management တွင် အသုံးများလှတဲ့ စကားလုံးများမှာ
Human(s) - လူသားနဲ့ ၄င်းတို့ရဲ့ အတွေ့အကြုံ ကျွမ်းကျင်မှု ဗဟုသုတ နှင့် ကိုယ်ပိုင်အရည်းအသွေးများ။
Human Resources - လူသားနဲ့ ၄င်းတို့နှင့်ပတ်သက်သော ပေါ်လစီများ နှင့် အလေ့အကျင့်များ
Human Resources Management - လုပ်ငန်းအဖွဲ့အစည်းများ၏ လုပ်ငန်ဆောင်တာများကို ဆောင်ရွက်နိုင်ရန် အတွက် လူသားနှင့် ၄င်းတို့နှင့် ပတ်သက်သော ပေါ်လစီများ အလေ့အထများကို စီမန်ခန့်ခွဲခြင်း။ အဲဒီ ကိစ္စဟာ ၀န်ထမ်းတွေ အလုပ်ကြော်ငြာတွေကို စိတ်ဝင်တစား တုန့်ပြန်ရာကနေစပြီး နောက်ဆုံး အလုပ်ထွက်တဲ့ အချိန်အထိ အကြုံဝင်ပါတယ်။ HRM ဟာ ၀န်ထမ်းများကို လုပ်ငန်းရဲ့ လုပ်ငန်းတာဝန်များ (Mission) လုပ်ငန်းရဲ့ရည်ရွယ်ချက် (Purpose) သူတို့ရဲ့ တာဝန်ဝတ္တရား (Role) တွေကို ဆောင်ရွက်  
လွယ်ကူလေ့လာရန် အကောင်အထည်ဖေါ်တဲ့ နေရာမှာ သူတို့ရဲ့ အရညအ်ချင်းတွေ (Qualities) ကို ထိရောက်စွာ အသုံးချနိုင်စေပါတယ်။
 အကယ်၍ လုပ်ငန်းတစ်ခုဟာ ၀န်ထမ်းကောင်းများကို ဆွဲဆောင်လိုပြီး ထိန်းသိမ်းထားနိုင်လိုပါက ထိုလုပ်ငန်းတွင် HRM ကောင်းကောင်းရှိရမှာ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုဟာ သူရဲ့ဝန်ထမ်းတွေ အပေါ်မျာ တန်ဖိုးထားတာကို လူအများက မြင်တွေ့ကြရမယ်ဆိုရင် သူတို့ဟာ အဲဒီလုပ်ငန်းမှာ လုပ်ကိုင်လိုစိတ်များ ပေါ်လာတတ်ပြီ အလုပ်လျှောက်သူများ များလာတတ်ပါတယ်။ အလုပ်ရကြပြီဆိုရင်လည်း ဆက်ပြီးတော့ အဲဒီအလုပ်မှာ စွဲစွဲမြဲမြဲ အလုပ် လုပ်လိုကြပါတယ်။ HRM ကောင်းဆိုတာဟာ လုပ်ငန်းတစ်ခုက သူ့ရဲ့ဝန်ထမ်းများနှင့် ဂုဏသိက္ခာကို ထိခိုက်စေမယ့်အရာများ လျှော့ကျနည်းစေနိုင်တာပဲ ဖြစ်ပါတယ်။ ဥပမာ - ၀န်ထမ်းရွေးချယ်ခန့်ထားရေးနဲ့ ဆိုင်တဲ့ပေါလစီများနှင့် လုပ်ထုံးလုပ်နည်းကောင်းများ ဆိုသည်မှာ လုပ်ငန်းတစ်ခုက သူ့လုပ်ငန်းအတွက် ထိထိရောက်ရောက် အလုပ်လုပ်နိုင်မယ့် ၀န်ထမ်းများကို ကျွမ်းကျင်းစွာ ခန့်ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ လုပ်ဆောင်ရည် စီမံခန့်ခွဲမှု (Performance Management)ကောင်း ဆိုသည်မှာလည်း လုပ်ငန်းတစ်ခုဟာ သူ့ရဲ့ဝန်ထမ်းများထံမှ အကောင်းဆုံး လုပ်ဆောင်ရည်ကို ရရှိစေခြင်းပဲ ဖြစ်ပါတယ်။