Skip to main content
Gmail

How to Create a Gmail Account

Google Account တစ်ခုသည် အများအပြားသော Google ၏ အခမဲ့ ထုတ်ကုန်နှင့်ဝန်ဆောင်မှု၊ များကိုသုံးစွဲခွင့်ရရန် အဓိကသော့ချက်ဖြစ်သည်။ Google Account တစ်ခု Sign Up (မှတ်ပုံတင်ခြင်း) သည်လွယ်ကူလျင်မြန်သော လုပ်ငန်းတစ်ခုဖြစ်ပါတယ် ။ ဒါပေမယ့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်အချို့ကို ထုတ်ပေးရန်လိုအပ်သည်။  သင်သည် Google ထံမှထုတ်ကုန်များ၊ ဝန်ဆောင်မှုအများဆုံးရယူရန် အောက်ပါလမ်းညွှန်အတိုင်းလုပ်ဆောင်ပါ။

 

 

1  မည်သည့် Google ဝက်ဘ်စာမျက်နှာကိုမဆိုဖွင့်လိုက်ပါ။  (ဥပမာ။ ။ http://mail.google.com သို့ဝင်ရောက်ပါ။) ဤသည်မှာ Google Gmail, Google+, Google Drive အစရှိသဖြင့်ပါဝင်သည်။  အနီရောင် “Sign In” Button ကိုနှိပ်ပါ။ ထို့နောက် အနီရောင် “Sign Up” Button ကိုနှိပ်ပါ။  “Create a new Google Account” page သို့ရောက်ရှိသွားပါလိမ့်မည်။

  • Button များသည် Google ဝန်ဆောင်မှုပေါ် မူတည်ပြောင်းလဲနိုင်ပါသည်။ ဥပမာအားဖြင့် Gmail တွင် "Create an Account" Button အစား "Sign Up” Button ကိုတွေ့ရှိရပါလိမ့်မည်။

 

 

 

 

 

 

2 Username (အသုံးပြုသူ Address အမည်) ထည့်သွင်းရမည့်အဆင့် သို့ရောက်ရှိလာပါမည်။ ပုံမှန်အားဖြင့် သင်၏ Username သည် သင်၏ Gmail Account အမည်ဖြစ်လာပါလိမ့်မည်။ Username Field အောက်ကို Click နှိပ်ခြင်းအားဖြင့် သင်အသုံးပြုသော အမည်နှင့်လက်ရှိတည်ရှိနေသော Gmail Account ရှိမရှိ အကြောင်းပြန်ပါလိမ့်မည်။ ရှိနေပါက ထိုအမည်နှင့်မတူစေရန် အမည်အသစ်တစ်ခုပေးပါ။

  • သင်၏ အသုံးပြုသူအမည်မရရှိနိုင်လျှင် သင်၏ Username နှင့်ဆက်စပ်သောရွေးချယ်စရာပေးထားပါလိမ့်မည်။ သို့မဟုတ်ကွဲပြားခြားနားသော အမည်ကိုပေးရန်ကြိုးစားပါ။

 

 

 

 

3 သင်၏ကျန်ရှိနေသေးသော ကိုယ်ရေးအချက်အလက်များကိုဖြည့်စွက်ပါ။ သင်၏ ပထမအမည်၊ နောက်ဆုံးအမည်၊ သင်၏ မွေးနေ့ ၊ သင်၏ လိင်အမျိုးအစား၊ အကယ်၍ သင်၏ Account ပျောက်ပျက်သွားခဲ့ပါက ပြန်လည် ဖော်ထုတ်နိုင်ရန် ဖုန်းနံပါတ် နှင့် အီးမေးလ် လိပ်စာတို့ကိုထည့်သွင်းရပါမည်။ ထို့အပြင်သင်နေထိုင်သော နိုင်ငံကိုပါတစ်ပါတည်း ဖြည့်စွက်ပေးရမည်။ မိုဘိုင်းလ်ဖုန်းနံပါတ်ပေးခြင်းကို လည်းအကြံပြုပါသည်။ သို့သော် မဖြစ်မနေထည့်သွင်းရမည်ဟုမဆိုလိုပါ။

 

 

4 CAPTCHA ​ဖြည့်​စွက်ပါ။ ထိုအရာသည် တ​ကယ့်​လူ​တစ်​ဦး​အ​ကောင့်​ဖန်​တီး​ခြင်း​ ​သေ​ချာ​ကြောင်း ​စီ​စစ်​အ​တည်​ပြု​သော ကိ​ရိ​ယာ​တ​ခု​ဖြစ်​ပါသည်။ ​သင်​က​မဖတ်​နိုင်​လျှင် ​အ​သစ်​တစ်​ခု​တောင်းဆိုနိုင်ပါသည်။ အသစ်တစ်ခုကိုတောင်းဆိုရန် စာသားဘေးမှ Refresh Button ​ကို Click ​ပါ။  သို့​မ​ဟုတ်​ပါ​က​သင့်​ကွန်​ပျူ​တာ​ကို​စ​ပီ​ကာ​က​တ​ဆင့်​အ​သံ​ကျယ်​ဖတ်​ကြား​နိုင်ရန် ​စ​ပီ​ကာ​ခ​လုတ်​ကို​ Click ​နှိပ်​ပါ​။

 

 

5 သင်သည် Google ၏ Privacy မူဝါဒကို သဘောတူညီလျှင် အမှန်ခြစ်ပေးပါ။ ​​Google ၏ Privacy​ မူ​ဝါ​ဒကို ​ဖတ်​ဖို့​အ​ချိန်​ယူ​ပါ။ 

 

 

6 နောက်တစ်ဆင့်တက်လှမ်းရန် ”Next step” ကိုနှိပ်ပါ။ ဤအဆင့်သည် သင့်အား Google + Profile သို့ခေါ်ဆောင်သွားမည့်အဆင့်ဖြစ်သည်။ Google Account များအားလုံး တည်ဆောက်လိုက်သည်နှင့်တစ်ပြိုင်နက် Google + Account ကိုပါတစ်ပါတည်း တည်ဆောက်လိုက်ပြီးဖြစ်သည်။ သင်၏ Account သို့ သင်၏ ဓာတ်ပုံတင်မည်လား? မတင်ဘူးလား? ရွေးချယ်နိုင်ပါသည်။